JetStream ဆိုတာက မိုက်ခရိုဆော့ဖ် ၀င်းဒိုး မှာ အသုံးပြုနိုင်တဲ့ သုံးဖက်မြင် ဒီဇိုင်း ဆော့ဖ်ဝဲ တစ်ခုပဲ ဖြစ်ပါတယ်။ အစဦးပိုင်းမှာတော့ (Autodesk Revit, AutoCAD, and MicroStation) တို.လိုမျိုး ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် အသုံးပြု ခဲ့ပါတယ်။
NavisWorks ကတော့ JetStream ရဲ. အစ၊ သုံးဖက်မြင် ပုံတွေ ကို စစ်ဆေး ကြည့်ရှု နိုင်တဲ့ ဆော့ဖ်ဝဲ တွေရဲ. အဦးအဆောင် ဖြစ်ပါတယ်။ အဲဒီ JetStream ကြောင့်ပဲ အဆောက်အဦး ဆောက်လုပ်ရေးပိုင်းတွေ၊ စက်ရုံ တည်ဆောက်ရေး ပိုင်းတွေ၊ သင်္ဘော တည်ဆောက်ရေး ပိုင်းတွေ ရဲ. ထုတ်လုပ်မှု ဖြစ်စဉ်တွေမှာ များစွာ တိုးတက်လာခဲ့ပါတယ်။
Jetstream ကိုသုံးခြင်းဖြင့် လက်တွေ. စီမံကိန်းများ မစတင်ခင်မှာပင် သုံးဖက်မြင် ပုံတွေနဲ. အလုပ် လုပ်နိုင်တဲ့ အတွက်၊ တကယ် လုပ်ငန်းခွင်မှာ ကြုံတွေ.နိုင်မဲ့ လေလွင့်မှုတွေကို လျော့ချနိုင်ပါတယ်၊ လုပ်ငန်းစဉ် ပိုပြီး ထိရောက်စေနိုင်ပါတယ်။
သုံးဖက်မြင် ဒီဇိုင်းပုံတွေကို စိတ်ဝင်စားသူတွေ သုံးကြည့် နိုင်ဖို. အခမဲ့ သုံးနိုင်တဲ့ ဆော့ဖ်ဝဲ ရဲ. link ပေးလိုက်ပါတယ်။
plc အကြောင်း blog ထဲမှာရေးဖို့ အစီအစဉ်ရှိလား?
ReplyDelete